English French German Russian Thai

SOCIALIZE:

Interesting Places Myanmar - Myanmar

"ဖူးမျှော်ကြည်ညို ရှုခင်းအလှ၊ ပုဂံမြေသို့ လှည်လည်ကြစို့"

ပုဂံ - ပုပါး - စွယ်တော် (၄)ဆူ

ရှေးဘုရင်မင်းအဆက်အဆက် တည်ထားကိုးကွယ်ခဲ့တဲ့ ပုဂံမြို့ရှိရှေးဟောင်းစေတီပုထိုးများ၊ ယဉ်ကျေးမှု အမွေအနှစ်များစွာနှင့် လှပစွာတည်ရှိနေတဲ့ ပုဂံ ရှေးဟောင်းပြတိုက်၊ အနော်ရထာမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်ခဲ့တဲ့ စွယ်တော်စစ်များ၊ စံပယ်တော်မူရာ စွယ်တော် (၄)ဆူနှင့် ပုပါးတောင်ကလပ်၏ သဘာဝ အလှအပများကို ကြည်ရှုခံစားရင်း အပန်းဖြေခရီးစဉ်အား LMM & KMO ကုမ္မဏီ၏ စိတ်ချရသောဝန်ဆောင်မှုများဖြင့် စိတ်ချမ်းမြေ့ ပျော်ရွှင်ဖွယ် ခရီးသွားကြပါစို့။ 



 

"ကြည်ညိုဖူးမျှော် သဒ္ဒွါပွားရင်းဖြင့်၊ မန္တလာမြေမှ ခရီးဆက်ကြစို့"

အလောင်းတော်ကဿပ - မန္တလေး - စစ်ကိုင်း - မုံရွာ

မြန်မာနိုင်ငံ အလယ်ပိုင်း မုံရွာမြို့ရဲ့ တစ်ဖတ်ကမ်းမှာ ထင်ရှားကျော်ကြားလှတဲ့ ပွင့်တော်မူပြီး ကဿပဘုရားရှင်ရဲ့ အလောင်းတော်ကို သွားရောက် ဖူးမျှော်ခြင်း၊ မြန်မာမှာတင်မက ကမ္ဘာမှာပါအကြီးဆုံးဖြစ်တဲ့ လျောင်းတော်မူရုပ်ပွားတော် အမြင့်ဆုံးဖြစ်တဲ့ ရပ်တော်မူရုပ်ပွားတော်နှင့် မုံရွာမြို့ရဲ့ တန်ခိုးကြီး ထင်ရှားတဲ့ သမုဒေဘုရား ရှေဟောင်းလက်ရာများ ပြည့်စုံတဲ့ ရွှေကျောင်းတော်၊ မန္တလေးမြို့ရဲ့ ကျက်သရေဆောင် မဟာမုနိဘုရားကြီး သာသနာပြု ပုဂ္ဂိုလ်များ ပျော်မွေ့ရာ စစ်ကိုင်းတောင်ပေါ်ရှိ ဘုရားများ၊ မင်းကွန်းမြို့ရဲ့ ကျက်သရေဆောင် မင်းကွန်း ခေါင်းလောင်းကြီး ပျော်ရွှယ်ဖွယ်ရာ ခရီးစဉ်အား LMM & KMO ကုမ္မဏီ၏ စိတ်ချရသောဝန်ဆောင်မှုများဖြင့် စိတ်ချမ်းမြေ့ပျော်ရွှင်ဖွယ်ခရီးသွားကြပါစို့။ 



 

"ဖူးမျှော်ကြည်ညို ဆုတောင်း ပြည့်ရန်၊ အဓိဌာန်ဖြင့် ခရီးထွက်စို့"

ပဲခူး - ကျိုက်ထီးရိုး - မော်လမြိုင် - ကျိုက္ခမီ - စက်စဲ

တောင်တန်းများနှင့် လှပစွာတည်ရှိနေတဲ့မော်လမြိုင်မြို့ရဲ အလှအပများနှင့် စက်စဲကမ်းခြေ၏ သဘာဝအလှအပများနှင့် အတူ တန်ခိုးကြီးထင်ရှားတဲ့ ကျိုက္ခမီရေလယ် ဘုရား၊ မွန်ပြည်နယ်ရှိ စိမ်းစိုလှပတဲ့တောင်ထိပ်ပေါ်မှာရွှေရောင်တ၀င်းဝင်း နှင့်တင့်တယ်သပါယ်စွာ ကိန်းဝပ်တော်မူနေတဲ့ ကျိုက်ထီရိုးစေတီတော်တို့ကို သွားရောက် ဖူးမြှော်ခြင်းဖြင့် ကုသိုလ်ယူနိုင်စေဖို့ ပျော်ရွယ်ဖွယ်ရာခရီးများအား LMM & KMO ကုမ္မဏီ၏ စိတ်ချသော ၀န်ဆောင်မှုများ နှင့်အတူ ပျော်ရွှင် စိတ်ချမ်းမြေ့ စွာဖြင့် ခရီးသွားကြပါစို့။



 

"ရင်သက်ရှုမော ရှုခင်းအလှ၊ ဖိတ်ခေါ်ပါတယ် ရှမ်းမောမြေက’"

တောင်ကြီး - အင်းလေး - ပင်းတယ - ကလော - ကုံလုံ - ကက္ကူ

ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာပွဲတော်ဖြစ်တဲ့ မီးပုံးပျံပွဲတော်၊ ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားပြီး ကမ္ဘာခရီးသည်များစွာ လာရောက်ကြတဲ့ အင်းလေးရေကန်၊ နှစ်စဉ်လှေများဖြင့် တစ်ရွာဝင်တစ်ရွာထွက် အပူဇော်ခံလေ့ရှိတဲ့ အင်းလေး ဖောင်တော်ဦးဘုရား၊ ရှမ်းပြည်နယ်ရဲ့ သာယာအေးချမ်း လှတဲ့တောတောင်သဘာဝ ရှုခင်းများ၊ ပင်းတယရှိ ရှေးဟောင်း ဘုရား ပုထိုးများစွာ တို့ကို ဖူးမျှော်ကြည်ညိုလို သူ များအတွက် ပျော်ရွှယ်ဖွယ်ခရီးများအား LMM & KMO ကုမ္မဏီ၏စိတ်ချရသော ၀န်ဆောင်မှု များဖြင့် စိတ်တိုင်းကျ ချမ်းမြေ့ဖွယ်ခရီးသွားကြပါစို့။



 

"စိတ်နှလုံးရွှင်လန်းစေဖို့၊ ကမ်းခြေမှ အပန်းဖြေကြစို့ "

ငပလီ၊ ငွေဆောင်၊ ချောင်းသာ ကမ်းခြေများ

အာရှမှာသာမက ကမ္ဘာမှာပါ ထင်ရှားပြီး သာယာလှပတဲ့ ငပလီကမ်းခြေနှင့် ပင်လယ်ပြင်မှ တိုက်ခတ်လာတဲ့ သဘာဝကမ်းခြေအလှအပများနှင့် သန့်ရှင်း လတ်ဆက်တဲ့လေနုအေးများကို ရှူရှိုက်ပြီး လှိုင်းလုံးများ၏ သာယာနာပျော်ဖွယ်ကောင်းတဲ့ ဆည်းလည်းသံများကို နားဆင်ခံစားရင်း ဘ၀အမောများ ပြေပျောက်နိုင် ရန် ပျော်ရွှင်ဖွယ် အပန်းဖြေစေနိုင်ဖို LMM & KMO ကုမ္မဏီ၏စိတ်ချရသောဝန်ဆောင်မှုများနှင့်အတူ့ ပျော်ရွှင်ဖွယ်အပန်းဖြေခရီး သွားကြပါစို့။



 

"ကြည်ညို သဒ္ဒါပွား၊ ဖူးမျှော်ရင်းဖြင့်၊ တန်ခိုးကြီးဘုရားများသို့ လည်ပတ်စို့"

ရွှေစက်တော် - မင်းဘူး - ပြည်

ပြည်မြို့ရှိ တန်ခိုးကြီးဘုရားများကို ကြည်ညိုရင်း၊ ဗုဒဘုရားရှင်ရဲ့ခြေတော်ရာနှစ်ဆူ ရှိတော်မူသော ရွှေစက်တော်ဘုရားပွဲ နှင့် ရွှေစက်တော် ဘေးမဲတောတို့ကို ကြည့်ရှုလေ့လာရင်း မင်းဘူးမြို့၏ တန်ခိုးကြီးဘုရားများအား ၀င်ရောက်ဖူးမျှော်နိုင်စေဖို့ LMM & KMO ကုမ္မဏီ၏စိတ်ချရသော ၀န်ဆောင်မှုများနှင့်အတူ့ ကုသိုလ် ခရီးသွားကြပါစို့။



 

"ဖူးမျှော်ကြည်ညို၊ ရိုးရာဓလေ့ လေ့လာရင်းဖြင့်၊ ရခိုင်မြေသို့ လှည်လည်ကြစို့"

စစ်တွေ-မြောက်ဦး-ကျောက်တော်

ညို့မှိုင်းစွာ တည်ရှိနေတဲ့ ရခိုင်ရိုးမတောင်တန်းများ၏သဘာဝ အလှအပများကို ခံစားပြီး ရခိုင်လူမျိုးတို့၏ နေထိုင်မှု ဘ၀နှင့် ယဉ်ကျေးမှုအမွေအနှစ် လက်ရာများဖြင့် ရှိနေသောမြောင်ဦးမြို့ရှိရှေးဟောင်းစေတီပုထိုးများ၊ ရှေးဟောင်း ယဉ်ကျေးမှု အမွှေအနှစ်ကျောက်ဆစ်လက်ရာစေတီပုထိုးများကို ဖူးမျှော်ရင်း ကုမ္မဏီ၏ စိတ်ချ ရသော ၀န်ဆောင်မှုများနှင့်အတူ စိတ်ချမ်းမြေ့စွာ ခရီးသွားကြပါစို့။



 

"ပန်းမြို့တော်ဝယ်၊ ရှုခင်းအလှ ခံစားရင်းဖြင့်၊ မြန်မာနယ်စပ် ချစ်ကြည်ရေး ခရီးဆက်ကြစို့’"

မန္တလေး- ပြင်ဦးလွင်- မူဆယ် - ရွှေလီ

မြန်မာတို့၏ နောက်ဆုံးမင်း နန်းစိုက်ရာမြို့၏သင်္ကေတများ ရှေးဟောင်းယဉ်ကျေးမှု့လက်ရ၊ ရွှေကျောင်းကြီး၊ ကမ္ဘာအကြီးဆုံး စာအုပ်ရှိရာ ကုသိုလ်တော်ဘုရား၊ မဟာမြတ်မုနိ၊ ဦးပိန်တံတား နှင့် စစ်ကိုင်းတောင်ပေါ်ရှိ မြန်မာ့လက်မူ့ ပညာများ ကို တစ်ဝကြီးကြည့်ရှူရန် နှင့် ပန်းမြို့တော်ဟု တင်စားခေါ်ဝေါ်ရသည့် ပြင်ဦးလွင်မြို့ရှိ သဘာဝအလှအပများ ကြည့်ရှု ခံစားနိုင်ရန် နှင့်အတူ မှိုင်းညို့နေသော တောင်တန်းများနှင့် လှပစွာတည်ရှိနေတဲ့ မူဆယ်မြို့၇ဲ့ တောင်နှစ်လုံးကို ဆက်သွယ် တည်ဆောင်ထားပြီး အံ့သြမှုများနှင့်အတူ ရှိနေသော ဂုတ်ထိပ်တံတား၊ ရွှေလီမြီု့ရဲ့ထင်ရှားပြီး လှပတဲ့ နေရာများ၊ ဈေးဝယ်ထွက်၍ကောင်းသည့် ညဈေးတန်းများ စသည်တို့ကို ခံစားနိုင်ရန် ပျော်ရွယ်ဖွယ်ခရီးအား LMM & KMO ကုမ္မဏီ၏ စိတ်ချရသော ၀န်ဆောင်မှုဖြင့် ပျော်၇ွှင်စွာခရီးသွားကြပါစို့။



 

"တစ်နေ့တာ စိတ်အပန်းဖြေစေဖို့၊ နေပြည်တော် သို့သွားကြစို့"

နေပြည်တော်ရေပန်းဥယျာဉ် နှင် တိုင်းရင်းသားကျေးရွာ်

စိတ်ကြည်နူးချမ်းမြေ့စွာ အပန်းဖြေရင်းဖြင့်နေပြည်တော်ရှိ တန်ခိုးကြီးဘုရားဖြစ်သော ဥပ္ပါတသန္တိစေတီတော်ကို ဖူးမြှော်ပြီးနေပြည်တော် တိရစ္ဆာန် ဥယျာဉ်နှင့် နေပြည်တော် ရေပန်းဥယျာဉ်မှာ အပန်းဖြေရင်း တိုင်းရင်းသားကျေးရွာတွင် အလှည်ပတ် ကြည့်ရှုခံစားရန် ကုမ္မဏီ၏ စိတ်ချရသော ၀န်ဆောင်မှုများဖြင့် တစ်နေ့တာအတွက် စိတ်အပန်းဖြေ အလည်အပတ် သွား ကြပါစို့။


 

calendar2016

seatincoach-in

fantastic

hot-fantastic

thadingyut-02

newyear



Customer safety and satisfaction is the successful of our task.

International Quality
Summit (IQS) Award

 

Services

  • Arrangement of the Special Package Trips
  • High Class Charter Transportation Services
  • Meet and Greet Assistance
  • Hotels & Restaurants Reservation
  • Air Ticketing for Domestic & International
  • Guide Service for all languages around Myanmar
  • Each Passport, Visa and D-Form Assistance and Consultation

Landmark Myanmar Travels & Tours

Building 35 Condo, Room 701, Phyar Pone Street,
San Chaung Township, Yangon, Myanmar.

: (+951) 230 4515
: (+959) 538 0409, 519 2878, 4931 7215
: (+951) 230 4515
: sales@landmarkmyanmar.com
: www.landmarkmyanmar.com

AVAILABLE PAYMENT ACCEPTANCE